Russia keeps Myanmar general Min Aung Hlaing at arm’s length: close enough to sell weapons to, but short of a full embrace

Share this:
  • The Kremlin did not grant Min Aung Hlaing, the mastermind of Myanmar’s coup, the full diplomatic traditions accorded to heads of state during his four-day visit
  • But experts say his reception was no snub. Russia appreciates a big-spending buyer of its military equipment and sees a chance to rattle the West. Min Aung Hlaing meanwhile was keen to show China is not his only friend

Supporters of Myanmar’s anti-coup movement this week have been scrutinising reports about Min Aung Hlaing’s visit to Russia for tell-tale signs that even the Kremlin – one of the junta chief’s key backers – is uncertain about recognising him as the country’s legitimate leader.
Some social media commentators have suggested the absence of the salt-and-bread ceremony traditionally accorded to visiting foreign dignitaries was a sign the Russians were ever so subtly snubbing the general, rather than helping him to appear like a statesman after his February 1 coup.
The four-day visit was only his second trip overseas since he seized power from the democratically elected National League for Democracy (NLD).
In April, he went to Jakarta for the special Association of Southeast Asian Nations (Asean) meeting that was called to discuss his coup, the ensuing violence and detention of Aung San Suu Kyi and other NLD leaders.
Observers of the trip have seized on details gleaned from posts by Russian media and the senior general’s own social media.

Russia’s Security Council Secretary Nikolai Patrushev and Myanmar’s military chief Min Aung Hlaing meet in Moscow. Photo: EPA


The news site Irrawaddy wrote that citizens ridiculed the white utilitarian vehicles that ferried the general’s delegation from the airport to a central Moscow hotel as “delivery vans”. Pictures of the vans went viral on social media.
Also ridiculed were images showing the army chief in an oversized graduation gown, as he received an honorary professorship from the Military University of Russia’s Ministry of Defence.
Close observers of Min Aung Hlaing and the Kremlin’s Asia policy said that beyond the frivolities, the substance of this week’s trip showed Moscow intended to maintain close links with both the junta leader and the Tatmadaw, as the Myanmar military is known locally.
Key to Russia’s calculation is a hope that the junta will continue to buy Russian weapons. According to the Stockholm International Research Peace Institute, Myanmar bought US$1.5 billion worth of military hardware from Russia between 1999 and 2018, accounting for 39 per cent of its total arms imports during that period.
The Tatmadaw is awaiting delivery of six Su-30 fighter jets ordered in 2019 and the two countries in January signed contracts for a Russian air defence system and tactical surveillance drones, according to the Moscow-based think tank Centre for Analysis of Strategies and Technologies.
Beyond arms sales, IHS Jane’s security analyst Anthony Davis said Moscow was eyeing “a broader, more comprehensive relationship, well short of an alliance, but which over the long term offers a strategic beachhead in Southeast Asia”.

Anti-coup protesters mark the birthday of Myanmar’s detained civilian leader Aung San Suu Kyi in Yangon. Photo: AFP


While the Kremlin did not grant Min Aung Hlaing the full diplomatic pomp, his treatment during the visit was far from a snub, the experts said.
The visit took place just days after the United Nations General Assembly adopted a resolution demanding an end to the five-month coup and the military’s violence.
“I think it suits Russian President Vladimir Putin’s geopolitical objectives to show that Moscow can continue to disrupt Western efforts to bring about peaceful and democratic resolutions to political crises,” said Canberra-based Myanmar watcher Hunter Marston.
Min Aung Hlaing did not hold talks with Putin or Foreign Minister Sergey Lavrov during his visit, but he did meet two other important figures: Security Council of Russia secretary Nikolai Patrushev and Defence Minister Sergey Shoygu.
“We are determined to continue our efforts to strengthen bilateral ties based on the mutual understanding, respect and trust that have been established between our countries,” Shoygu was quoted as saying by Russia’s RIA news agency after a Tuesday meeting with Min Aung Hlaing.
Apart from these talks, the junta chief spoke at the Moscow Conference for International Security and visited a university and factory, Myanmar state media reports said.
Artyom Lukin, an associate professor at the Far Eastern Federal University in Vladivostok, said the meeting with Patrushev, regarded as a “right hand man” of Putin, showed the Kremlin’s “nuanced” handling of Min Aung Hlaing’s visit.
Putin’s administration for the moment “believes Russia‘s national interests in Myanmar are best served by the military government which is currently in control,” Lukin said
“But [Patrushev] is definitely not the chief executive… I would interpret this as a sign that the Kremlin, even though supporting the military junta, is not ready to recognise it as the 100 per cent fully legitimate government of Myanmar,” the professor said.
Agreeing, Marston said it “did not matter too much” that Putin and Lavrov appeared not to have met Min Aung Hlaing.
“The same goals are achieved through Defence Minister Shoygu’s meeting with Min Aung Hlaing: ensuring that Russia maintains influence with the Myanmar military,” said Marston, a doctoral candidate at the Australian National University.
Given that the junta’s other tacit backer, China, was not rushing to embrace the junta, Russia did have to do much to achieve this goal, Marston added.
He said: “So for the time being, the Kremlin doesn’t have to wholeheartedly engage with the generals, especially given that the junta is more in need of Russian arms and recognition than anything Myanmar can give Russia the other way around.”
Davis, the Bangkok-based analyst, said the Tatmadaw was likely to have orders for more “spare parts for a range of systems already in service and possibly new Russian small-arms to complement domestically produced ones” in the coming months.
“In addition to the Su-30 jets already on order, new big-ticket purchases might include additional helicopters and possibly more Yak-130 jet trainer/ground attack aircraft,” Davis said.
Russian-built weaponry such as the “Hind Mi-24P helicopter gunships, Hip Mi-17 utility/transport helicopters and the newer, very capable Yak-130s are all playing a crucial role in helping the Tatmadaw meet a growing insurgency threat,” he said.
With the junta under international pressure – including heightening Western sanctions – there may be more to come in terms of public engagement between Min Aung Hlaing and the Kremlin, even if such exchanges take place without pomp and attract ridicule.
“Min Aung Hlaing is signalling that his regime has friends in important places and a ready supply of high-grade military weapons aside from China,” Marston said. “The regime wants to diversify away from overreliance on China, and Russia is a vital partner in doing so.”

ရုရှားမှ မင်းအောင်လှိုင်ကို ဖာသိဖာသာ ဆက်ဆံခဲ့ဟု ပြည်ပ သတင်းစာများက ပြော


မင်းအောင်လှိုင်သည် ရုရှား တွင် တပတ်ကြာ စိတ်ချလက်ချ ဖြင့် အရှည်ကြာဆုံး နေပြသွားခဲ့သော်လည်း ၎င်းအား နိုင်ငံအကြီးအကဲ အဆင့်အတန်းမျိုး နှင့် လက်ခံ ကြိုဆိုခဲ့ကြခြင်း မရှိဘဲ လက်တကမ်း အကွာ ဖာသိဖာသာ ဆက်ဆံခဲ့သည်ကို တွေ့ရကြောင်း ဟောင်ကောင် ရှိ South China Morning Post သတင်းစာတွင် ရေးသားထားသည်။
လက်နက်များ အမြောက်အမြား ဝယ်ယူနေသည့် ဖောက်သည်တဦး အဆင့်အတန်း နှင့် လျော်ညီစွာ ဆက်ဆံခဲ့ ခြင်း မျိုးဖြစ်ပြီး ၎င်းအား အရှက်ခွဲလို စိတ် ရှိပုံ မရကြောင်း နှင့် အနောက်အုပ်စုအား မခံချိ မခံသာ ဖြစ်အောင် လည်း ရည်ရွယ်ပုံရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်ဟု ဆိုသည်။
မင်းအောင်လှိုင်၏ အာဏာသိမ်း လုပ်ရပ်ကို တခဲနက် ဆန့်ကျင်နေကြသည့် မြန်မာ ပြည်သူ များက ရုရှားတွင် ၎င်းအား နိုင်ငံခေါင်းဆောင် တဦး အဖြစ် ဆက်ဆံ ခဲ့ခြင်း ရှိမရှိ ကို မျက်လုံးဒေါက်ထောက် စောင့်ကြည့် နေခဲ့ကြသည်။
ရုရှား တွင် နိုင်ငံ ခေါင်းဆောင်များကို ကြိုဆိုလေ့ရှိသည့် ရိုးရာ ဝတ်စုံ ဝတ်ထားသည့် အမျိုးသား နှင့် အမျိုးသမီးက ပန်းကန်ပြားပေါ်တွင် အဝတ်ဖြူခင်းပြီး ပေါင်မုန့်တုံး တင်ကာ ပေးအပ်သည့် အခမ်းအနားမျိုး မတွေ့ခဲ့ရခြင်းကပင် ရုရှားက မတူမတန်သလို ဆက်ဆံလိုက်ခြင်း ဖြစ်သည်ဟု လည်း အချို့က သုံးသပ် ခဲ့ကြသည်။
၎င်းအား ကြိုဆိုခဲ့သည့် ကားကပင် “ပစ္စည်းများ အိမ်တိုင်ယာရောက် လိုက်လံ ပို့ဆောင်ပေးသည့် ယာဉ်အမျိုး အစား” သာသာ ဖြစ်နေသည့် ပုံကလည်း ဆိုရှယ်မီဒီယာ ပေါ်တွင် တဟုန်ထိုး ပျံ့နှံ့သွားပြီး လှောင်ပြောင်စရာ ဖြစ်ခဲ့ရသည်ဟု သတင်းစာက ဧရာဝတီ ကို ကိုးကားပြီး ဖေါ်ပြခဲ့သည်။


နောက်တဖန် ရုရှား ကာကွယ်‌ရေး စစ်ဦးစီး တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဆိုကာ မတော်မရော် ဝတ်ရုံကြီး ခြုံပေးလိုက်သည့် ပုံကလည်း ဟာသအဖြစ် အထူးပင် ရေပန်းစားသွားခဲ့ရသည်ဟု ဆိုသည်။
မိမိ သဘောအရ ပြောရလျှင် ရုရှားသည် အဆိပ်ခပ်ရာတွင် ကျွမ်းကျင်သူများပီပီ ၎င်းအားလည်း ဦးနှောက်ထဲ အဆိပ်ခပ်လိုက်သည့် လုပ်ရပ်ထက် မပိုဟု ယူဆမိသည်။
ထိုသို့ အဆီအငေါ် မတည့်မှုများ ရှိနေသော်လည်း ရုရှားသည် မြန်မာ စစ်တပ်နှင့် နီးကပ်စွာ ဆက်ဆံရေးတည် ဆောက်နိုင်ရန် ကြိုးစားနေသည့် လက္ခဏာများ အထင်အရှား တွေ့ခဲ့ရသည်ဟု လေ့လာသူများက သုံးသပ်ခဲ့ ကြသည်။ ဤသည်ကလည်း ၎င်းတို့ ထံမှ လက်နက်များ ဆက်လက်ဝယ်ယူနေရန် တွန်းအားပေးခြင်းမျိုး ဖြစ်သည်။
မြန်မာသည် ၁၉၉၉ မှ ၂၀၁၈ အတွင်း ရုရှားထံမှ လက်နက်များကို ဒေါ်လာ ၁.၅ ဘီလီယံ ဖိုး ဝယ်ယူခဲ့ပြီး ဖြစ်သည်ဟု စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ဆိုသည်။ ယင်းသည် ထိုကာလ အပိုင်းအခြား အတွင်း ပြည်ပမှ ဝယ်ယူခဲ့သည့် လက်နက်တန်ဖိုး၏ ၃၉% ရှိသည်ဟု သိရသည်။
လက်ရှိတွင် ၂၀၁၉ ခုနှစ်အတွင်းက မှာယူခဲ့သော SU-30 ဂျက် တိုက်လေယာဉ် ၆ စီး ရောက်လာမည်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ယခုနှစ် အာဏာမသိမ်းမီ ဇန်နဝါရီ လအတွင်းက ရုရှား လေကြောင်း ကာကွယ်ရေး စနစ်နှင့် နည်းဗျူဟာမြောက် ထောက်လှမ်းရေး ဒရုံးများ ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားပြီးလည်း ဖြစ်သည်။
မင်းအောင်လှိုင်ကို ပူတင် နှင့်သာမက နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လာရော့ဗ် ကပါ လက်ခံတွေ့ဆုံခဲ့ခြင်း မရှိပေ။ ရုရှားက သိမ်မွေ့စွာဖြင့် ပူတင်၏ ညာလက်ရုံး ဖြစ်သူဟု ယူဆခံရထားရသည့် ရုရှား လုံခြုံရေး ကောင်စီ အကြီးအကဲ ပီထရူရှက်ဗ် က လက်ခံတွေ့ဆုံခဲ့သည်။ သို့သော် မင်းအောင်လှိုင် အတွက်က ယခုလို အချိန်မျိုးတွင် အဆိုပါ ပုဂ္ဂိုလ်နှစ် ဦး နှင့် တွေ့ဆုံခွင့် မရခဲ့ခြင်းက အကြီးအကျယ် ထိခိုက်စရာ ဖြစ်သွားခဲ့ရသည်။
ရုရှားအနေနှင့် ၎င်းအား တရားဝင် အစိုးရ အဖြစ် တင်းပြည့်ကျပ်ပြည့် ထောက်ခံမှု မပေးသေးသည်ကို လူသိရှင်ကြား ထုတ်ဖေါ် ပြလိုက် ခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်ကို သံတမန် အဆင့်အတန်း အပြည့်အဝ နှင့် ကြိုဆိုခဲ့ခြင်း မရှိသော်လည်း သမ္မတ ပူတင်က ၎င်း ခံယူထားသော ဘူမိနိုင်ငံရေး ရည်မှန်းချက်များ အတိုင်း နိုင်ငံတွင်း ငြိမ်းချမ်းစွာ နှင့် ဒီမိုကရေစီ စနစ် ပြန်လည် ဖေါ်ဆောင်ရေးကို ဖျက်လို ဖျက်ဆီး လုပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ရုရှား၏ အကျိုးစီးပွားအတွက် မြန်မာတွင် လက်ရှိ အာဏာရယူထားသူ မင်းအောင်လှိုင် နှင့် အဖွဲ့အား ထောက်ခံမှု ပေးခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု ကရင်မလင်က ခံယူထားပုံ ရှိသည်ဟု ဗလာဒီဗော့စတော့ ရှိ အရှေ့ဖျား တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ အတ်ရွန် လူကင်က ဆိုသည်။
မော်စကို ညီလာခံ အပြီးတွင် မင်းအောင်လှိုင်သည် ရုရှား၏ အနောက်တောင်ပိုင်းရှိ ကာဇန် မြို့သို့ သွား ရောက်ကာ သင်္ဘောကျင်း လုပ်ငန်းများ အား လှည့်လည် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။
ညီလာခံ တွင် ၁၃ မိနစ်ကြာ ပြောခွင့်ရခဲ့စဉ် မြန်မာ ဘာသာ ဖြင့် ပြောဆို သွားမှုကိုလည်း အခြေအမြစ် မရှိ တောင်စဉ်ရေမရ ပြောဆိုမှု ထက် မပိုဟု ဆိုကာ NLD က ပယ်ချလိုက်သည်။
ရန်ကုန်တွင်တော့ အာဏာရှင် ဗိုလ်နေဝင်းအား ရဲရဲတောက် ဆန့်ကျင်ရင်း ကြိုးပေး ကွပ်မျက်ခံခဲ့ရသည့် ချင်းအမျိုးသား ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦး သေဆုံးခဲ့ရသည့် ၄၅ နှစ်မြောက် အထိမ်းအမှတ် အဖြစ် သူ၏ ကြိုးစင်ပေါ်မှ ရဲရဲတောက် ကြုံးဝါးသွားခဲ့သည့် “မင်းတို့ စစ်ဖိနပ်အောက် ငါ ဘယ်တော့မှ ဒူးမထောက်ဖူးဟေ့” ဆိုသည်ကို ဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြသည်။
နောက်ထပ်ရရှိသော သတင်းအရ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် သမ္မတရုံး ပြောခွင့်ရ ဦးဇော်‌ဌေး အား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
သို့သော် ပြည်သူများ အစိုးရိမ်ဆုံး ဖြစ်နေသည့် ဖမ်းဆီးခံထားရသူ အမျိုးသမီးများ အပေါ် လိင်မှု ကိစ္စ အကြမ်း ဖက် ခဲ့သည် ဆိုသည့် ပုံစံများ ပေါ်ထွက်လာသည့် အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း ကုလ အတွင်း ရေးမှူးချုပ်၏ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် လိင်အကြမ်းဖက်မှုများ ဆိုင်ရာ အထူး ကိုယ်စားလှယ် ပရာမီလာ ပက်တင်က ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ အချက်အလက် ရှာဖွေရေး အဖွဲ့သည် စစ်တပ်မှ ကျူးလွန်နေသော ပြစ်မှုများ နှင့် ပတ်သက်သော သက်သေအထောက်အထားများ ကို အပတ်တကုတ် စုဆောင်းလျှက် ရှိနေသည်။
ဧရာဝတီ သတင်း အဆိုအရ နိုင်ငံတဝှမ်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေး ဒလန်များကို ဆက်လက် သုတ်သင်လျှက်ရှိရာ ပြီးခဲ့သည့် ကိုးရက်အတွင်း လူ ခုနှစ်ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ကမ္ဘာကပ်ရောဂါ ဆိုးကြီး ဒဏ် ကို ခံနေရသည့် ကြားမှ မင်းအောင်လှိုင် အာဏာ သိမ်းယူ ခဲ့မှု နှင့် နောက်ပိုင်း မယုံကြည်နိုင်လောက်အောင် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုပ်မှုများကြောင့် မည်သို့ပင် အကြောင်းပြ ချက်များ ပေးလာစေကာမူ ၎င်းအား နိုင်ငံ ခေါင်းဆောင် တဦး အဖြစ် ယဉ်ကျေးသော လူ့အသိုက်အဝန်းက လက်ခံနိုင်ကြခြင်း မရှိတော့သည်မှာ သေချာနေပေသည်။
Hla Soewai ရေးသားသည်
အ‌ရေးတော်ပုံ အောင်ရမည်!!!
Crd to original uploader
“Our uprising must succeed” အရေးတော်ပုံအောင်ရမည်။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top