Myanmar Junta Scraps Retirement Age for Its Leaders (ကာချုပ်၊ ဒု-ကာချုပ်တို့ နှစ်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်နိုင်ရန် ညွှန်ကြားချက်အဟောင်းများကို ၎င်းတို့အမိန့်ဖြင့် ပယ်ဖျက်)

Share this:

The military regime’s Ministry of Defence has scrapped the retirement age of 65 for its leaders: commander-in-chief and his deputy.

Days after the military coup in February, the ministry scrapped the age limit for the two, enabling Sen Gen Min Aung Hlaing, who turned 65 in April – which was seen by some observers as a key factor behind the coup – to continue in his post.

The Feb. 4 instruction signed by Adjutant General Lieutenant General Myo Zaw Thein scrapped the age limit for the army chief and his deputy. However, it did not set a new age limit, meaning Min Aung Hlaing can remain in his post until he is toppled or he voluntarily steps down.

The instruction was also made public in the military regime’s gazette on March 5.

Previously, army, naval and air force commanders were required to retire if they were not promoted after four years. Under the new instructions, they can retain those positions for two more years if necessary.

A defense council ruling in 1973 allowed officers to serve as long as the military needed them. However, the instruction was amended in 2014 during the democratic transition, setting age limits.

ကာချုပ်၊ ဒု-ကာချုပ်တို့ နှစ်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်နိုင်ရန် ညွှန်ကြားချက်အဟောင်းများကို ၎င်းတို့အမိန့်ဖြင့် ပယ်ဖျက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအနေဖြင့် တပ်မတော်မှ အလိုရှိသည့်အချိန်ကာလအထိ နှစ်အကန့်အသတ်မရှိတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ်က ထုတ်ပြန်ထားသော အသက် ၆၅ နှစ်ကန့်သတ်ထားသည့် ညွှန်ကြားချက်အား ပယ်ဖျက်ထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်အသစ်ကို ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အမိန့်အရ တပ်မတော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသစ်ညွှန်ကြားလွှာအရ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု-ကာကွယ်ရေးဦးစီးချုပ်တို့အား အသက်(၆၅)နှစ်ထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားသော ညွှန်ကြားလွှာ ၄/၂၀၁၄ အား ပယ်ဖျက်လိုက်ကြောင်း ပါရှိသည်။
၄င်းတို့၏သက်တမ်းအား တပ်မတော်မှလိုအပ်သည့်ကာလအထိ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း မှ ဘီဘီစီ သတင်းဌာန၏အင်တာဗျူးတွင် ပြောဆိုထားသည်။

Myanmar’s Chief Senior General Min Aung Hlaing, commander-in-chief of the Myanmar armed forces


“အရင်တုန်းက ၄/၂၀၁၄က ကန့်သတ်ချက်ကို ၁/၂၀၂၁ နဲ့ ပယ်ဖျက်လိုက်တယ်။ တချိန်တုန်း ကကန ကောင်စီ ညွှန်ကြားလွှာ ၁၈/၇၃ ထဲက စာသားအတိုင်းဘဲ ဖြစ်သွားမယ်။ ပြန်တမ်းဝင်အရာရှိခန့်အပ်ထားခြင်းခံရပြီး မိမိကိုစစ်တပ်မှ လိုအပ်သမျှကာလပတ်လုံး တာဝန်ထမ်းဆောင်စေရမည်ဟု ပါရှိတဲ့အတိုင်းဘဲဖြစ်မယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ
လာမည့်ဇူလိုင်လ ၃ ရက်နေ့တွင် အသက် ၆၅ နှစ် ပြည့်မည်ဖြစ်ပြီး ယခင် ညွှန်ကြားချက်အဟောင်း ၄/၂၀၁၄ အရ အသက် ၆၅ နှစ် ပြည့်ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ အနားယူရမည်ဖြစ်သည်။
သို့သော် ၎င်းအာဏာသိမ်းပြီးနောက် ၄ ရက်အကြာတွင် ကာချုပ်နှင့် ဒုကာချုပ်တို့အနေဖြင့် နှစ်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်နိုင်မည့်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ/လေ) တို့သည် ယခင်ကန့်သတ်ချက်များအရ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ၄ နှစ်တာဝန်ထမ်းဆောင်ပြီးပါက အငြိမ်းစားယူရမည်ဖြစ်ပြီး ယင်းညွှန်ကြားလွှာ ၁/၂၀၂၁အရ ၄င်း ၄ နှစ်အပြင် နောက်ထပ် ၂နှစ်ထပ်မပိုသော ကာလထိ သက်တမ်းတိုးတာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟု ညွှန်ကြားချက်အသစ် ၁/၂၀၂၁ ပါရှိသည်။

Crd to original uploader

Our uprising must succeed” အရေးတော်ပုံအောင်ရမည်။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top